မြို(ခမိ)တိုင်းရင်းသားဟူ၍အမည်နာမ အတည်ပြုပေးရန် တောင်းဆို (၂၀၁၂-ခုနှစ်ဟု ခန့်မှန်း။



(ဤပုံသည် ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူချိန်တွင် ခမီ/ခမွီးလူမျိုးအမည်မှ မြိုလူမျိုးအမည်သို့ပြောင်းလဲပေးရန် တောင်းဆိုသည့်ပုံ)



မြို(ခမိ)တိုင်းရင်းသားဟူ၍ အမည်နာမ အတည်ပြုပေးရန် တောင်းဆို(2012)-ခုနှစ်ဟု ခန့်မှန်း
ရခိုင်ပြည်နယ်ဒေသရှိ မြို(ခမိ)တိုင်းရင်းသားလူမျိုးစုတို့မှ အိမ်ထောင်စုစာရင်းနှင့် နိင်ငံသား မှတ်ပုံတင် ပြုလုပ်ရာတွင် မြို့နယ်အလိုက်ကွဲပြားမူများ ကြုံတွေ့ရကြောင့် မြို(ခေါ်)ခမိ အမျိုးသားညီညွတ်ရေးအဖွဲ့ အတွင်းရေးမူ ဦးခင်မောင်သန်းက အောက်တိုဘာ ဒုတိယ အပတ်ကပြောသည်။ ၄င်းတို့အနေဖြင့် ရခိုင်ပြည်နယ် ညွန်ကြားချက်အရ လူဝင်မူ.ကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ကျောက်တော်မြို့နယ်တွင် မြို (ရခိုင်)ဟုလည်းကောင်း အခြားမြို့နယ်များတွင် ခမွီးဟုလည်းကောင်း (ခမိ)ရခိုင်ဟုလည်းကောင်း ကွဲပြားမူများ အပေါ်၌ မဖြစ်သင့်သော အခြေနေများဟု ဆိုသည်။ လူမျိုးအုပ်စုထဲ့မှာ တရာဝင်လူမျိုးနာမည် ဖြစ်ချင်ပါတယ် ခမွီး ဆိုတာ မကောင်းသည့် အသုးံအနုန်း တစ်ခုပါဟု ၄င်းကပြောသည် ။ သို့ဖြစ်ပါ၍ ရခိုင်ပြည်ဖွား မြို(ခမိ) တိုင်းရင်းသားများအနေဖြင့် တစ်ပါးနိင်ငံမှ ဝင်ရောက်လာခြင်း မဟုတ်ပဲ အိမ်ထောင်စုစာရင်းနှင့် နိင်ငံသား မှတ်ပုံတင်ပြုလုပ်ရာတွင် သံသယ ကင်းရှင်းစွာဖြင့် မြို(ခေါ်) ခမီ အမျိုးသားများအား မြို(ခမိ)လူမျိုးဟူ၍ တရားဝင် အသိအမှတ်ပြုပေးရန် လူမျိုးစုများ၏ သဘောထား တင်ပြချက်များကို နိင်ငံတော်သမ္မတထံသို့ တင်ပြသွားရန် ရှိသည်ဟု ယင်းကထပ်မံပြောသည်။
ယင်းသို့ လူမျိုးစုအမည် သတ်မှတ်ချက်များအပေါ် ယနေ့မှစတင်၍ သတ်မှတ်ခေါ်ဆိုခြင်း မဟုတ်ပဲ၁၉၇၃ ခုနှစ်ကတည်းက သုးံစွဲ့လာခြင်းဖြစ်​ကြောင်း မြောက်ဦးမြို့နယ် လူဝင်မူ ကြီးကြပ်ရေးမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ ရခိုင်မှာ အများဆုံး ခမွီးလိုပဲ့ ခေါ်တာပါ။ အသံထွက်ပေါ်မှာ လိုက်ရေးလိုက်တာလည်း ဖြစ်နိင်ပါတယ်။ ခမီးလိုပဲ့ သုးံနှုန်းတာပဲ့ သင့်တော်ပါတယ် ။ အခတော့ ပြန်ပြောင်းခေါ်နေပါပြီ။ လူမျိုးစုအမည်ကို တစ်ခုတည်းပဲ့ လုပ်ပေးလိုက်သင့် ပါတယ်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)မှ အတွင်းရေးမူး ဦးခိုင်ပြည်ဦးက သုးံသပ်​ပြောဆိုသည်။ အဆိုပါ လူမျိုးများနှင့် ပတ်သက်၍ ၁၉၉၀ခုနှစ်က စစ်တမ်းကောက်ယူရာတွင် လူဦးရေ တစ်သိန်းကျော်ရှိသော်လည်း လက်ရှိစစ်တမ်းကောက်ယူမူအရ လူဦးရေ ရှစ်သောင်းကျော်သာ ကျန်ရှိတော့ကြောင့် သိရသည်။ ........ထွယ်ဆန်း။

Edited By Elisha Mro.




Comments

Popular posts from this blog

ခမီလူမျိုးမှ မြိုလူမျိုး စတင်ခံယူလာသည့်အကြောင်းတရား

ရှေးဟောင်းမြိုလူမျိုး-ဝီကီပီဒီးယား

Living on the margin: the positioning of the ‘Khumi’ within thesociopolitical and ethnic history of the Chittagong Hill Tracts.