မြိုလူမျိုးတို့သည် မိမိကိုယ်ကိုယ် ခေါ်သည့် အခါ (ခမီ) ဟု ခေါ်သည် ဟူသော မှားယွင်းမှုကို ရှင်းတမ်


(ယခင်ကမြို လူမျိုးနေထိုင်ပုံ)ုံ -ဝီကီပီးဒီးယား မှရယူသည်။)
မြိုလူမျိုးတို့သည် မိမိကိုယ်ကိုယ် ခေါ်သည့် အခါ (ခမီ) ဟု ခေါ်သည် ဟူသော မှားယွင်းမှုကို ရှင်းတမ်း


၁။ “၁.၁၁. ၁၉၇၀-ခုနှစ် က ထုတ်ဝေသော ရှုဒေါင့်ဂျာနယ် စာမျက်နှာ -၃၅ ၊တွင်ဖော်ပြချက်မှာ- `မြိုလူမျိုးမှာ မြိုအမျိုးကွဲပေါင်း (၁၀၀)ကျော်ခန့် ရှှိသည်၍ အဆိုရှိကြသည် ။ သို့သော် ယခုအခါ မြိုအမျိုးကွဲပေါင်း (၅၇) မျိုးခန့်သာ ရှာဖွေ တွေ့ရှိကြောင့် ၊ ယင်းအထဲတွင်လည်း အမှန်တကယ် အားဖြင့် ရှိသော မြို အမျိုးကွဲမှာ (၃၀) ခန့်သာ ဖြစ်ကြောင်း အဆိုရှိကြပါသည်။” ဟုရေးသားဖော်ပြထားပါသည်။
ရှင်းလင်းချက်။ ။ ဤ ရှုဒေါင့်ဂျာနယ်(၁၉၇၀-ခုနှစ်) မှထုတ်ဝေသော မြိုလူမျိုးအကြောင်းသည် မြို(မြူ) အမျိုးသား မူလစရိုက်လက္ခဏာ နှင့် မြိုအမျိုးသမီး ဝတ်စားဆင်ယင်မှု စရိုက်လက္ခဏာဖြစ်သည့် ဖော်ပြချက်မှာ``အပေါ်ပိုင်းတွင် အကျၤ ီလုံးဝမရှိပေ။ ``ဟုဆိုထားပါသည်။ ခမီနှင့် ခမီဘာသာစကားပြောအုပ်စုတို့၏ အမျိုးသမီးတို့မှာမူ အပေါ်ပိုင်းတွင် အင်္ကျ ီဝတ်မဲမရှိပေ။ အချစ်ရေးနှင့်တေး၊ဂီတ အပိုင်းဖော်ပြချက်တွင် ``မြိုတို့သည် အကနှင့်တေးဂီတ ကို အလွန်ခုန်မင်နှစ်သက်ကြသည်။ ၄င်းတို့တွင် ဂီတ အနုပညာ ပစ္စည်းအဖြစ် လက်နှင့်တီးရသာ သားရေကြက်စည်တစ်မျိုးနှင့် ပုလွေများရှိပါသည်။ ပုလွေများမှာ အမျိုးမျိုးအစားစားရှိပါသည် ။(၆) လက်မ မှ (၁၈) ပေခန့် ထိရှည်သော ပုလွေများကိုလည်းတွေ့ရှိနိုင်သည်။``ဟုဖော်ပြထားပါသည် ။၄င်း ပုလွေသည် မြို လူမျိုးတေးမှုတ်တုရိယာ (ပလုံ)ဟုခေါ်သော တုရိယာပင်ဖြစ်သည်။ ခမီဘာသာစကားပြောသောမြို ဟု ခံယူသူများမှာ ပင်ကိုယ်အက နှင့် တေးတုရိယာသည် ဤ တွင်ဖော်ထားသကဲ့သို့ မရှိပါ ။ ဘာသာစကား နှင့် ကိုးကွယ်ယုံကြည်မှုဖော်ပြရာတွင်-- စုန်း၊နတ်ကို အုပ်ချုပ်သည့် နတ်မင်း(ဘုရားသခင်) ကို မြိုဘာသာစကား ဖြင့် ``ထိုရိုင်း``ဟုခေါ်ဝေါ်ခြင်းသည် ၊ခမီလူမျိုးမဟုတ်သည်ကို သိသိသာသာ ထင်ထင်ရှားရှား မြင်တွေ့ ရပြီး အဖြေရှင်းနေပြီဖြစ်သည်။ ပြီးနောက် နေထိုင်ရာဒေသ ကို ဖော်ပြရာတွင် မြိုလူမျိုးများသည် စစ်တကောင်းတောင်တန်းနှင့် ရခိုင်ပြည်အနှံ့အပြား ၊ အိနိ္ဒယစသည့် နေထိုင်ရာဒေသကိုဖော်ပြထားသည် ယင်းဒေသတွင် ခမီဘာသာစကားပြောပြီး မြိုလူမျိုး ဟု ခံယူသူများသည် ရှေ့ကာကမှ ယခု မျက်မှောက်ထိ နေထိုင်ခဲ့ဖူးသည့် သမိုင်းကြောင်းမရှိပေ ။ ဤ သို့ ဆိုလျှင် ဤ ရှုဒေါင့်ဂျာနယ်မှရေးသားဖော်ပြသော မြိုလူမျိုးသည် ခမီဘာသာစကားပြော အုပ်စုမဟုတ်သည်ကို ထင်ရှားပြီဖြစ်သည်။
၂။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ၊ဇွန်နဝါရီလ၊ ၁၉၇၆-ခုနှစ် က ထုတ်ဝေသော ၊ တိုင်းရင်းသား ယဉ်ကျေးမှုရိုးရာ ဓလေ့ထုံးစံများ (ရခိုင်) ၊ စာမျက်နှာ- ၃၁-၃၂ )ဖော်ပြချက်တွင် ``မြိုလူမျိုးမှာ မျိုးနွယ်ကွဲများပြားသော လူမျိုးဖြစ်သည် ၊ မြိုရှေးလူကြီးများက မြိုအမျိုးကွဲပေါင်း (၁၀၀) ခန့်ရှိသည်ဟု ဆိုသည်။ သို့ရာတွင် ၅၇ မျိုး၏ အမည်များကိုသာ လေ့လာတွေ့ရှိရသည်။ ယခုအခါ မျိုးနွယ်ကွဲ ပေါင်း ၃၀ ခန့်သာ ရှိပေသည်။ မြိုဟူသော အမည်မှာ ရခိုင်တို့က ပေးထားသော အမည်ဖြစ်ပြီး မြိုတို့က သူတို့ကို သူတို့ ခမီ ဟုခေါ်ကြသည်။``ဟု ရေးသားဖော်ပြထားပါသည်။
ရှင်းလင်းချက်။ ။ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီမှ တိုင်းရင်းသားယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ (ရခိုင်) စာအုပ်သည် ဇွန်နဝါရီလ၊ ၁၉၇၆-ခုနှစ် က ထုတ်ဝေထားခြင်းဖြစ်သည်။ဤ စာအုပ်တွင် ဖော်ပြသော မြိုလူမျိုးအကြောင်း သည်၊ ဤ စာအုပ်ထက်စောသော (၁၉၇၀-ခုနှစ် )မှ ထုတ်ဝေသော ရှု ဒေါင့်ဂျာနယ် ကို ကိုးကားထားခြင်းဖြစ်သည်ကို တွေ့ရသည်။ မူရင်းထက်ပိုသော အရးအသားကိုပြည့်စွပ်ထားသည်။ မူရင်းတွင် ``မြိုဟူသော အမည်မှာ ရခိုင်တို့က ပေးထားသော အမည်ဖြစ်ပြီး မြိုတို့က သူတို့ကို သူတို့ ခမီ ဟုခေါ်ကြသည်။``ဟူသောစာကြောင်းရေမပါ။ မြိုတို့ က သူတို့ကို သူတို့ ခမီဟု ခေါ်ကြသည် ဆိုသော စကားရပ် ကိုလေ့လာကြည့်လျှင် ခမီလူမျိုးမှ မြိုလူမျိုးအမည် သို့ ပြောင်းလဲခံယူခြင်းသည် ၁၉၅၉-၆၀ ခုနှစ်မှ စ၍ ဖြစ်သည်။ ၁၉၅၉-၆၀ ခုနှစ် တွင် ခမီလူမျိုးမှ မြိုလူမျိုး အမည်သို့ပြောင်း ပြီး သော်လည်း ထက်ဝှက်သည် မြိုလူမျိုးမခံယူဘဲ ဆက်ပြီးခမီခံယူကြသည်။ယင်းတို့သည် ယနေ့ထိခမီလူမျိးဟု ခံယူသည်။ ၄င်းတို့သည် မြို ခံယူသူများတစ်စု ၊ ခမီခံယူသူများတစ်စု ၊ လူမျိုးတစ်မျိုးတွင် (နှစ်ကိုင်း)ဖြစ်၍ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ ထုတ်ဝေလိုက်သော ၊တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံ များ စာအုပ်တွင် ရောထွေးမှု ဖြစ်စဉ်သာ လက်ခံရန်သင့်တော်သည်။၄င်းစာအုပ်သည် နိုင်ငံရေးပါတီမှ ထုတ်ဝေတာကြောင်းကျောက်တော်မြိ့နယ် မှ ဦးစံသာအောင်တို့ ဦးဆောင်သော မြို (ခေါ်)ခမီတိုင်းရင်းသား ညီညွတ်ရေးအဖွဲ့ ပါတီ ဖြစ်တည်လာခဲ့ခြင်း ကြောင်းလည်း ခမီဘာသာစကားပြောအုပ်စုသည် မြိုလူမျိုးဟု မူလမြို လူမျိုးနေရာကို ဝင်ရောက်စွပ်ဖက်လာသည်။ ယခုတိုင် ကျောက်တော်မြို့နယ်ရှိ ခမီဘာသာစကားပြော မြိုဟုခံယူသူများသည် သူတို့ကို သူတို့ ခမီဟု ခေါ်ဆဲဖြစ်သည်။ ၄င်းတို့သည်မြိုအစစ်အမှန်မဟုတ်ကြပေ။
၃။ရခိုင်သမိုင်း အလင်းပြကျမ်း ၊၂၀၁၁-အေဒီ ၊ပြုစု သူ (ဦးရွှေစံ)၊ စာမျက်နှာ -၁၃၄၊ စာအုပ်တွင်ဖော်ပြချက်မှာ-``မြိုလူမျိုးမှာ မျိုးနွယ်ကွဲများပြားသော လူမျိုးဖြစ်သည်။ မြိုရှေးလူကြီးများက မြိုအမျိုးကွဲပေါင်း (၁၀၀) ခန့်ရှိသည်။ သို့ရာတွင် ၅၇ မျိုးတို့၏ အမည်များကိုသာ လေ့လာ တွေ့ရှိရသည်။ ယခုအခါ မျိုးနွယ်ကွဲပေါင်း ၃၀ ခန့်သာရှိပေသည်။ မြိုဟူသော အမည်သည် ရခိုင်တို့က ပေးထားသော အမည်ဖြစ်ပြီး မြိုတို့က သူတို့ကိုသူတို့ ``ခမီ``ခေါ်သည်။``ဟုဖော်ပြထာပြန်သည်။
ရှင်း်လင်းချက်။ ။ဤ ရခိုင်သမိုင်းအလင်းပြကျမ်း၊ ၂၀၁၁-အေဒီ၊ ထုတ်ဝေသော စာအုပ်သည် ၁၉၇၆-ခုနှစ်က ထုတ်ဝေသော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ၊တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံများ(ရခိုင်) စာအုပ်မှ ပြန်လည်ကိုးကား ကူးယူထားခြင်းဖြစ်သည်ကို တွေ့ရသည်။ ယင်းသို့ရောထွေးမှုကို ပြန်လည်ကိုးကားသူများလည်း အများအပြားရှိပါသည် ။ အမှန်တရားသည် ထိန်ချန်ပြီး မှားယွင်းမှု နေရာယူ၍ အချိန်ကြာလာသည်နှင့် အမျှ ``သစ်ငုတ်``ကို လူအများစုက ကျားဟု ခေါ်သွင်မှုများလာလျှင် ၄င်း သစ်ငုတ် သည် အလိုလိုပင် ကျားကြီးတစ်ကောင်ဖြစ်တတ်သည် ဟုသော -ဥပမာ-စကားပုံလည်းရှိခဲ့သည်။ လူမျိုးတစ်မျိုးလျှင် မိမိအခေါ် နိစပ်ရာလူမျိုးအခေါ် နိုင်ငံခြားသား အခေါ် ဟူ၍ ရှိလေရာ မြိုဟူသော အမည်သည် ရခိုင်တို့က ခေါ်သည် မှန်ပေ၏ အကြောင်းမှာ ``မြူ``မရူ``ဟူသော မူလ စကားလုံး ကို ရခိုင်တို့ အသံဖြင့် ``မြို``ဟု ထွက်ဆိုခြင်းဖြစ်သည် ။ ရခိုင်တို့က မြိ ုဟုခေါ်သော်လည်း မိမိ ကိုယ်ကိုယ် ``မရူ `` ဟု ယနေ့တိုင်ခေါ်ဆိုသည်။ မည်သည့်နည်းအားဖြင့် ခမီ ကို မြို ဟု အသံထွက်ဆိုခြင်းရပေ။ ဤ သို့ ဆို လျှင် မြိုလူမျိုး တို့က သူတို့ကို သူတို့ ``ခမီ``ဟု ခေါ်သည် ဟူသော စကား၊အရေးအသား မှားယွင်းမှု ၊ရောထွေးမှုတစ်ခုသာ ဖြစ်ကြောင်း ထင်ရှား၍ ရှင်းလင်းအပ်ပါသည်။


                                                                                         By, Elisha Mro

မြိုလူမျိုးများသည် အက နှင့် တေးတဒရိ,ာကိုခုံမင်တတ်ြ ကြသည်။






Comments

Popular posts from this blog

ခမီလူမျိုးမှ မြိုလူမျိုး စတင်ခံယူလာသည့်အကြောင်းတရား

ရှေးဟောင်းမြိုလူမျိုး-ဝီကီပီဒီးယား

Living on the margin: the positioning of the ‘Khumi’ within thesociopolitical and ethnic history of the Chittagong Hill Tracts.