ရှေးဟောင်းမြိုလူမျိုး-ဝီကီပီဒီးယား
(ဤအကြောင်းအရာနှင့် ခမီဘာသာစကားပြောသည့် မြိုဟု ခံယူသူများနဲ့ မရောထွေးပါနှင့်) တိဗက်- မြန်မာ အစုမှ လူမျိုးများအနက် ရှေးဟောင်းမြိုလူမျိုးတို့သည် စစ်တွေခရိုင် ဘူးသီးတောင် ဒေသနှင့် ယခင် ရခိုင်တောင်တန်းဒေသ၊ ယခု ချင်းဝိသေသတိုင်း ပီးချောင်း၊ မီးချောင်း တလျှောက်တွင် နေထိုင်ကြသည်။ ထို့ပြင် အရှေ့ပါကစ္စတန်ပြည်၊ စစ်တကောင်း တောင်တန်း ၊ ဗိုလ်မင်းထောင် တောင်တန်းနယ် အစွန်အဖျားတွင်လည်း မြိုလူမျိုးတို့ နေထိုင်ကြသည်။ ၁၉၃၁ ခုနှစ် သန်းကောင်စာရင်းအရ မြိုလူမျိုးတို့၏ ဦးရေမှာ ၁၃,၇၆၆ ခန့်ရှိသည်။ မြိုလူမျိုးတို့သည် မြို့ကြီးပြကြီးနှင့်မနီး၊ တောတောင် ချောင်းမြောင်း ထူထပ်သော အရပ်များတွင် ရှေးဓလေ့အတိုင်း တောင်ယာပဲခင်း လုပ်ကိုင်စားသောက်လျက် ရှိကြသည်။ ယောက်ျားတို့မှာ အနံ တဝါးလောက် အပြာရောင် အဝတ်ရှည်ကို ခါးတောင်ကျိုက်၍ ဝတ်ကြပြီးလျှင်၊ မိန်းမများမှာ အင်္ကျီဝတ်ကြရိုး ထုံးစံမရှိဘဲ၊ နက်ပြာရောင် အဝတ်စ အနံတထွာလောက်ကို ဒူးဆစ်အထိ ဆီးစပ်အောက် ရှော၍ ပတ်ရစ်ဝတ်ဆင်ကြသည်။ ထိုအဝတ်စ ခါးတွင် မြဲနေစေရန် ပုတီးစေ့လုံးကြီးများ သီထားသော ကြိုးများဖြင့် ရစ်ပတ်စည်းနှောင်၍သော်လည်း ထားတတ်၏။ သို့မဟုတ် ကြေးနီခွေ များကိုသော်လည်း ...
Comments
Post a Comment